တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(သတ္တမနေ့) ကျင်းပ

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(သတ္တမနေ့) ကျင်းပ

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(သတ္တမနေ့)ကိုယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၂၀)ဦး၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်(၁) ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇)ဦး၊ စုစုပေါင်း (၂၈)ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနား မှူး အဖြစ်ဦးကျော်စိုးမိုးထွန်း၊ ညွှန်ကြားရေးမှူး၊ လွှတ်တော်ရုံး ခေတ္တအကြီးအမှူးက ဆောင်ရွက်သည်။

အစည်းအဝေး၌ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၂၈) ဦး ရှိသည့်အနက် (၂၈)ဦး တက်ရောက်ခဲ့သဖြင့် (၁၀၀) ရာခိုင်နှုန်းရှိပြီး တက်ရောက်သည့် ကိုယ်စားလှယ်ဦးရေသည် အစည်းအဝေးအထမြောက်ရန် လိုအပ်သော ကိုယ်စား လှယ်ဦးရေ သုံးပုံတစ်ပုံထက်ကျော်လွန်သည့်အတွက် တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန် အစည်းအဝေး (သတ္တမနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။

ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် တတိယပုံမှန်အစည်းအဝေး (သတ္တမနေ့)တက်ရောက် မှု ကို အတည်ပြုမှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ်ပွင့်ပြမေးခွန်း (၁၁)ခုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် များ ကပြန်လည်ဖြေကြားသည်။

ဆက်လက်၍ ဦးအောင်အောင်၊ သရက်ချောင်းမြို့နယ် ကိုယ်စားလှယ်အမှတ်(၂)က“တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ နယ်အတွင်း မူးယစ်ဆေးဝါးများနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ သုံးစွဲနေမှု၏ အကျိုးဆက်ကြောင့် လူငယ်လူရွယ် များ၏ အကျင့်စာရိတ္တ ပျက်ယွင်းခြင်း၊စိတ်ကျန်းမာရေး ပျက်ပြားခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နေကြသော ကြောင့်တိုင်းဒေသကြီးအစိုးရတစ်ရပ်အနေဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဖြန့်ဖြူးရောင်းချ နေ သူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရန်နှင့် မူးယစ်ဆေးဝါး စွဲလမ်းနေကြသော လူငယ်လူရွယ်များကို ကုသမှုများ ဆောင်ရွက်ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန် လိုအပ် နေပြီဖြစ်ကြောင်း၊တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်း” အဆိုအား တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ် (၁)ဦးက ထောက်ခံခြင်း၊ ယင်းအဆိုနှင့် စပ်လျဉ်း၍လက်ခံဆွေးနွေးရန် သင့်/ မသင့် တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း ပေးပို့နိုင်ကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး (သတ္တမနေ့)ကိုနံနက် ၁၁ နာရီ ၂ မီနစါတွင် ကျင်းပပြီးစီးခဲ့ပြီး တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (အဋ္ဌမနေ့) ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၂၈ ရက် (သောကြာနေ့) မွန်းလွဲ ၁ နာရီတွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
 

နောက်ဆုံးရ သတင်း