ထားဝယ် စက်တင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနား ကိုယနေ့နံနက် ၉ နာရီခွဲ က ထားဝယ်မြို့၊ တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊လူမှုရေးရာဝန်ကြီးဦးသက်နိုင်က ယနေ့ဖွင့်လှစ်သည့် စေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းအားဘေးအန္တရာယ်ဆိုင်ရာ အခြေခံအသိပညာနှင့် လက်တွေ့အသုံးချနိုင်မည့် ကျွမ်းကျင်မှု များကိုစေတနာ့ဝန်ထမ်း၊လူငယ်များအနေဖြင့်ရရှိစေရန်ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် သဘာဝဘေးအန္တရာယ်များကိုထိရောက်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရပ်/ကျေးအဆင့်အထိ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ မိမိတို့ရပ်/ ရွာအတွက် သဘာဝဘေး စီမံချက်များ ရေးဆွဲရာတွင် ပြည်သူများကိုယ်တိုင်ပါဝင်ရေးဆွဲခြင်းက များစွာအကျိုးသက်ရောက်မှုရှိနိုင်မှာဖြစ်ကြောင်း၊ ဒါ့ကြောင့် ပြည်သူများပါဝင်ဆောင်ရွက်နိုင်ရန်သဘာဝဘေးအသိပညာပေးဟောပြောပွဲ၊ သင်တန်းများ၊ ဇာတ်တိုက်လေ့ကျင့်ခန်း များဆောင်ရွက်ပေးခြင်းဖြင့်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ ထိရောက်အားကောင်းလာစေမှာဖြစ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားမှုကို တားဆီးလို့မရနိုင်သော်လည်း ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများကို လျော့နည်း အောင်၊ဘေးဒဏ်ကိုရင်ဆိုင်တုံ့ပြန်နိုင်သောလူ့အသိုက်အဝန်းဖြစ်အောင်ဆောင်ရွက်နိုင်ကြောင်း၊ သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်းမှ ပို့ချပေးလိုက်သော သင်ခန်းစာများကိုမိမိတို့၏ဌာနကို ပြန်လည် ရောက်ရှိသည့်အခါအသုံးချနိုင်မှာဖြစ်သောကြောင့်အလေးထားသင်ယူစေလိုကြောင်း၊ သဘာဝဘေးလျော့ပါးရေးလုပ် ငန်းများကိုဆောင်ရွက်သည့်အခါထိခိုက်ဆုံးရှုံးနိုင်ခြေလျော့နည်းစေရန်အတွက်မိမိတို့၏လုပ်ငန်းနယ်ပယ်နှင့်ပေါင်း စပ် ၍ ဌာနများကြား ပူးပေါင်းဆောင်ရွက်နိုင်စေရန်နှင့် ဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့လာ ရပါကလည်းထိရောက် လျင်မြန်စွာကိုင်တွယ်ဖြေရှင်းနိုင်ရေးနှင့်အရည်အသွေးပြည့်ဝသော သင်တန်းသား/ သင်တန်းသူများ ဖြစ်စေရန်အတွက် သင်ခန်းစာများကိုစိတ်ပါဝင်စားစွာဖြင့်သင်ယူလေ့လာပြီးပြည်သူများအကြား ရင်ဆိုင်တွေ့ကြုံနေရသောအခက်အခဲ များကိုဖြေရှင်းနိုင်ရေးအတွက်တာဝန်သိစိတ်ကိုယ်စီဖြင့်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊နိုင်ငံတော် ၏ဖွံ့ဖြိုးတိုးတက်မှုကိုအဟန့်အတားဖြစ်စေသည့်ဘေးအန္တရာယ်ကြောင့်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်း များ ဆောင်ရွက်ရင်းရေရှည်ဖွံ့ဖြိုးတိုးတက်သည့်တိုင်းဒေသကြီးအဖြစ်ကို ဝိုင်းဝန်းတည်ဆောက်နိုင်ကြမည်ဟုယုံကြည် ကြောင်း ပြောကြားသည်။
ဆက်လက်၍ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း နှင့်စပ်လျဉ်း ၍ ရှင်းလင်းတင်ပြပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး တို့က သင်တန်းသားများကိုသင်ထောက်ကူပစ္စည်းများပေးအပ်သည်။
သင်တန်းတွင်သဘာဝဘေးအန္တရာယ်ဆိုင်ရာအခြေခံအသိပညာများနှင့်လက်တွေ့တုံ့ပြန်ဆောင်ရွက်နိုင်မည့် ကျွမ်းကျင် မှုများရရှိစေရန်အတွက်ဌာနဆိုင်ရာသင်တန်းသား ၃၀ ဦးအား တာဝန်ရှိသူများ က စက်တင်ဘာ ၂၅ ရက်နေ့အထိ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။





