တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

ထားဝယ်မြို့၊ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ထားဝယ်မြို့၊ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ထားဝယ်     စက်တင်ဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းမင်းလတ်သည် ဌာနဆိုင်တာဝန်ရှိသူများလိုက်ပါ လျက်ယနေ့ညနေပိုင်းတွင်ထားဝယ်မြို့သန့်ရှင်းသာယာလှပရေးနှင့်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်‌နေမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ထားဝယ်မြို့ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသန့်ရပ်လှပစေရေးနှင့်မြေယာရှု့ခင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ ပျံကျဈေးတည်ဆောက်ရေးလုပ်ငန်း၊ ဆိပ်ကမ်းသာပန်းခြံဝင်း အတွင်း EV Station တည်ဆောက်ရေးလုပ်ငန်း၊ ဆန်းချီ ရပ်ကွက် အာဟာရသုခဈေးတွင် သန့်ရှင်းသန့်ရပ်စွာရောင်းချနိုင်ရေး၊ ထိန်သစ်ရပ်ကွက် ၄ လမ်း တစ်လျှောက် လမ်းအင်္ဂါရပ် နှင့်ညီညွတ်စေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစွာသွားလာအသုံးပြုနိုင်ရေး စသည့်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။


ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စည်ပင်သာယာရေးဝန်ကြီး က လေယာဉ်ကွင်းလမ်းဘေးဝဲ/ယာတစ်လျှောက် သာယာလှပစေရေးအတွက်သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့်အလှပန်းပင်စိုက်ပျိုးနေမှုများ၊   တိုင်းရင်းသားပန်းခြံ အတွင်း ပြည်သူများစိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရေးအတွက်ပန်းအလှပင်၊ အရိပ်ရပင်များ စနစ်တကျ စိုက်ပျိုးရေး လုပ်ငန်းများကိုကြည့်ရှုစစ်ဆေးပြီး ထားဝယ်မြို့သည်တိုင်းမြို့တော်ဖြစ်သည်နှင့်အညီ မြို့သန့်ရှင်းယာလှပရေးနှင့် တည် ဆောက်ရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြား ခဲ့ကြောင်း သတင်းရရှိပါသည်။



နောက်ဆုံးရ သတင်း